၁။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဏာရှင်စစ်တပ်သည် ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်သူများကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် သေနတ်ဖြင့်ပစ်၊ ကားနှင့်တိုက် ဖြိုခွင်းသဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူ လေးဦးထက်မနည်း သေဆုံးခဲ့သည်။ ၎င်းမိုက်မဲရိုင်းစိုင်းသည့် လုပ်ရပ်ကို ငြိမ်းချမ်းရေးနှင့် တရားမျှတရေး ကော်မတီက ရှုတ်ချပါသည်။

၂။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဏာရှင်စစ်တပ်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်၊ အင်္ဂါနေ့က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒွန်တော်ကျေးရွာတွင် အရပ်သား ၁၁ ဦးကို လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အား ငြိမ်းချမ်းရေးနှင့် တရားမျှတရေး ကော်မတီက ရှုတ်ချပါသည်။

၃။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် အရပ်သားများကို သတ်ဖြတ်နေသည့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ချက်ချင်းရပ်တန့်ပေးရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တာဝန်ယူ အမိန့်ထုတ်ပြန် ပေးရန် တောင်းဆိုပါသည်။ အမျိုးမျိုးသော အကြမ်းဖက်မှုကို ကျူးလွန်နေသည့် အာဏာသိမ်း စစ်အုပ်စု၏ လုပ်ရပ်များကို ငြိမ်းချမ်းရေးနှင့် တရားမျှတရေး ကော်မတီက ပြင်းပြင်း ထန်ထန် ရှုတ်ချပါသည်။

၄။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဏာသိမ်း စစ်အုပ်စုတို့သည် မြန်မာပြည်သူလူထုအပေါ် လူမဆန်စွာဖြင့် ရက်စက်ကြမ်းကြုတ် သတ်ဖြတ်မှုများအတွက် တာဝန်ယူစေရန် သမ္မတ Joseph R. Biden၊ Jr. နှင့် အမေရိကန်ကွန်ဂရက်လွှတ်တော်တို့အား အရေးတကြီး ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ကြရန် ငြိမ်းချမ်း ရေးနှင့် တရားမျှတရေး ကော်မတီက တောင်းဆိုပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏ အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို ရှုတ်ချရန်နှင့် မြန်မာနိုင်ငံတွင် အပြစ်မဲ့ အရပ်သားများအား သတ်ဖြတ်နေခြင်းမှ ရပ်တန့် ရန်အတွက် တောင်းဆိုမှုပြုပေးရန် ငြိမ်းချမ်းရေးနှင့် တရားမျှတရေး ကော်မတီက သမ္မတ ဂျိုးဘိုင်ဒင်ကို တိုက်တွန်း လိုက်ပါသည်။

၅။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏ စစ်အုပ်စုတို့၏ လုပ်ရပ်များအား နိုင်ငံတကာ ဥပဒေနဲ့အညီ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတွင် အလျှင်အမြန် အရေးယူပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် မြန်မာနိုင်ငံ အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG) တို့ကို ငြိမ်းချမ်းရေးနှင့် တရားမျှတရေး ကော်မတီက တောင်းဆိုပါသည်။

၆။ ငြိမ်းချမ်းရေးနှင့် တရားမျှတရေး ကော်မတီသည် မြန်မာပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ကို ထောက်ခံအားပေး၍ မြန်မာပြည်သူများ၏ မျှော်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ဖက်ဒရယ် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် မြန်မာပြည်သုတရပ်လုံးနှင့်အတူ ရပ်တည်လျက်ရှိပါသည်။

မီဒီယာ မေးမြန်းချက်များ –

အီးမေးလ် – pjc@cbcusa.org
တယ်လီဖုန်း – + ၁ (၂၄၀) ၇၈၆-၂၀၄၂

Follow us: